AD
AD
AD
play

 

မကြာသေးမီရက်ပိုင်းက သားဦးကြိုပွဲ ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် ဆုပန်ထွာက သားဦးရတနာလေးကို ဝိတိုရိယ ဆေးရုံမှာ မွေးဖွားမယ်လို့ ဆိုပါတယ်။

play

 

ရင်သွေးလေးကို စက်တင်ဘာလအတွင်း မွေးဖွားမှာ ဖြစ်ပြီး Due Date ကိုတော့ စက်တင်ဘာ(၁၉)ရက်နေ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ ကိုယ်ဝန်က လရင့်နေပြီဖြစ်ပေမယ့် ဆုပန်ထွာကတော့ ဇာတ်ကားရိုက်ကူးနေတုန်းဖြစ်ပါတယ်။

play

 

လက်ရှိမှာ ဇွဲပြည့်နဲ့ အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ ပရိသတ်တွေကတော့ ကိုယ်ဝန်နဲ့ ဇာတ်ကားတွေ ရိုက်ကူးနေတဲ့ သူမကို စိတ်ပူနေကြသလို ဇာတ်ကားတွေ မရိုက်တော့ဖို့ ရိုက်ကူးရေး ခဏနားထားဖို့ ပြောနေကြတယ်လို့ သိရပါတယ်။

Source : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD