Local Celebrity: အားမနာတော့တဲ့ ခင်ဝင့်ဝါ

ကိုယ်မလုပ်ချင်တဲ့ ဇာတ်ကောင်တစ်ခုအတွက် အားမနာဘဲ ငြင်းဖြစ်လာပြီလို့ သူမက ဆိုပါတယ်။

play

 

လက်ရှိမှာ ဇာတ်ကားတွေ ရိုက်ကူးနေတဲ့ ခင်ဝင့်ဝါက ဝေဖန်မှုတွေခံခဲ့ရတဲ့ နောက်ပိုင်းမှာ မလုပ်ချင်တဲ့ အလုပ်တစ်ခု ကိုလည်း အားနာပြီး လက်ခံတာမျိုး မလုပ်တော့ဘူးလို့ သိရပါတယ်။ သူမမကြိုက်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ကာရိုက်တစ်ခုအတွက် အားမနာဘဲ ငြင်းဖြစ်လာတယ်လို့ သူမက ဆိုပါတယ်။

play

 

ငြင်းတဲ့အခါမှာလည်း သူမက အသစ်တစ်ယောက် ဖြစ်တဲ့အတွက် အပေါ်စီးက ပြောတာမျိုး မဟုတ်ဘဲ တောင်းဆိုတဲ့ သဘောနဲ့ ပြောပြတာမျိုး ပြုလုပ်တယ်လို့ ပြောပါတယ်။

ကောလာဟလတွေ၊ ဝေဖန်မှုတွေ ခံရတဲ့ သူမက နောက်ပိုင်းမှာလည်း ကာရိုက်တာနဲ့ ပတ်သက်လို့ သေသေချာချာလေး ဆင်ခြင်ပြီး လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Source : 8days Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ