Local Celebrity: မေသန်းနုအဖြစ် သရုပ်ဆောင်မယ့် ပိုးအိအိခန့်

မေသန်းနုနဲ့တူလို့ အိမ်မက်ဆုံရာမှာကတည်းက မဆင့်လို့ အခေါ်ခံရတယ်လို့ သူမက ဆိုပါတယ်။

play

 

"ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားမှာ မေသန်းနုရဲ့ ငယ်ဘဝနေရာက ပါဝင်သရုပ်ဆောင်ဖို့ အတွက် ပိုးအိအိခန့်ကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ပိုးအိအိခန့်က အိမ်မက်ဆုံရာအစီအစဉ်မှာ ပြိုင်ပွဲဝင်ကတည်းက ဆရာခိုင်မြဲသာက မဆင့်လို့ အမြဲတမ်းခေါ်တာ ခံရသူ တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

မေသန်းနု ငယ်စဉ်က မျက်နှာနဲ့ တူတာကြောင့် ဒါရိုက်တာ စင်ယော်မောင်မောင်က သူရိုက်ကူးမယ့် ဇာတ်ကာကြီးမှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။

play

 

သူမအနေနဲ့ကလည်း မေသန်းနုရဲ့ အပြောအဆို၊အပြုအမူတွေကိုလည်း အတက်နိုင်ဆုံးတူအောင် ကြိုးစားနေသလို ဇာတ်ကားကြီးမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ