Local Celebrity: ဇွဲပြည့်ရဲ့ "အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့" ရိုက်ကွင်းပုံရိပ်များ

အခုဆိုရင် ဇာတ်ဝင်ခန်း တော်တော်များများကို ရိုက်ကူးပြီးနေပြီ ဖြစ်ပါတယ်။

play

 

ဒါရိုက်တာ ဦးမြတ်ခိုင် ရိုက်ကူးနေပြီး ရန်အောင်၊ ဇွဲပြည့်၊ ဆုပန်ထွာ၊ နှင်းယမုံဦး တို့ ပါဝင်ထားတဲ့ "အပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့" ဗီဒီယိုဇာတ်ကားကို ဒီနေ့ Happy World မှာ ဆက်လက် ရိုက်ကူးနေပါတယ်။

play

 

 ဒီနေ့ ရိုက်ကွင်းအခန်းကတော့ ဇွဲပြည့်ရဲ့ "အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့" သီချင်းခွေကို ပရိုမိုးရှင်း လုပ်နေတဲ့ ဇာတ်ဝင်ခန်း ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းအတွက် ကိုလည်း ဇွဲပြည့်က သူ့ရဲ့အတူ အခွေပရိုမိုးရှင်း လုပ်နေတဲ့ ရိုက်ကွင်းကို ရိုက်ကူးခဲ့ပါတယ်။

play

 

ဆက်လက်ပြီးတော့လည်း ဇွဲပြည့်ကားတိုက်ခံရတဲ့ အခန်းကိုလည်း ဆက်လက် ရိုက်ကူးခဲ့ပါသေးတယ်။

play

 

အဲ့ဒီ အခန်းကတော့ ဇွဲပြည့်ပရိသတ်တွေကို တုန်လှုပ်စေခဲ့တဲ့ ဇာတ်ဝင်ခန်း တစ်ခန်းဖြစ်ပါတယ်။ ပရိသတ်တွေက အဲ့ဒီဓာတ်ပုံကို မြင်ပြီး စိတ်မကောင်းဖြစ်နေခဲ့ရပါသေးတယ်။

play

 

ဒါပေမယ့်လည်း ဒါက ဇာတ်ဝင်ခန်း တစ်ခန်းအတွက် ရိုက်ကူးနေတာ ဖြစ်ပါတယ်။

Photo : ဇွဲပြည့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ