Local Celebrity: နာမည်ကြီးအဆိုတော် ရှစ်ဦးရဲ့ ဖျော်ဖြေပွဲ

သြဂုတ် (၁၄)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play

 

Frenzo Tour 2016 ရဲ့ ပထမဆုံး ဖျော်ဖြေပွဲကို ရန်ကုန်မြို့ MCC ခန်းမတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အဲ့ဒီဖျော်ဖြေပွဲမှာ နာမည်ကြီး အဆိုတော်များ ဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ Snare ၊ စိုးကြီး၊ ဘန်နီဖြိုး၊ Lil'Z ၊X BOX ၊ G Fatt ၊ နီနီခင်ဇော်တို့ပါဝင် ဖျော်ဖြေသွားမှာ ဖြစ်ပါတယ်။

play

 

ပထမဆုံးအကြိမ် ပြုလုပ်တဲ့ Frenzo Tour 2016 ဖျော်ဖြေပွဲကို နေ့လယ် (၁)နာရီကနေ ညနေ(၅)နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ပြီး လက်မှတ်ဈေးနှုန်းကိုတော့ ရှစ်ထောင်ကျပ် သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရန်ကုန်ဖျော်ဖြေပွဲ ပြီးသွားရင်လည်း မန္တလေးမြို့မှာ အောက်တိုဘာလအတွင်းမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ