Local Celebrity: ထောင်ချီတဲ့ ပရိသတ်တွေနဲ့ ဆယ်လ်ဖီအတူ ရိုက်ခဲ့တဲ့ ဝတ်မှုံရွှေရည်

တစ်ကယ့်ကို များပြားလှတဲ့ လူအုပ်ကြီးလည်း ဖြစ်ပါတယ်။

play

 

မိတ္ထီလာမှာ ဇာတ်ကားသွားရိုက်တဲ့ ဝတ်မှုံရွှေရည်ကို လာရောက်အားပေးတဲ့ ပရိသတ်တွေကိုကတော့ ထောင်နဲ့ချီ ရှိလို့နေပါတယ်။  မိတ္ထီလာမြို့ ရေချိုရွာမှာ ရိုက်ကူးရေးလုပ်နေတဲ့ သူမကို တွေ့ချင်တဲ့ အတွက် လာကြည့် နေကြတာလည်း  ဖြစ်သလို သူမ ထွက်မတွေ့ရင်လည်း မပြန်ဘူးဆိုပြီး အော်နေကြတယ်လို့ သိရပါတယ်။

play

 

တကယ့်ကို များပြားလှတဲ့ လူအုပ်ကြီးဖြစ်ပါတယ်။ ဒီလိုမျိုးလာပြီး အားပေးကြတဲ့ ပရိသတ်တွေကိုလည်း ဝတ်မှုံရွှေရည်က အရမ်းကျေးဇူးတင်ကြောင်းနဲ့ အရမ်းဝမ်းသာမိတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

play

 

ပရိသတ်တွေ တစ်ယောက်ချင်းစီကိုလည်း အရမ်းချစ်တယ်လို့ ပြောထားပါသေးတယ်။ ဝတ်မှုံရွှေရည်ကလည်း လာအားပေးတဲ့ ပရိသတ်များနဲ့ ဆယ်လ်ဖီအတူ ရိုက်ခဲ့ပါသေးတယ်။ တကယ့်ကို အားရ ကျေနပ်စရာကောင်းတဲ့ မြင်ကွင်းတစ်ခုပါ။

Photo : ဝတ်မှုံရွှေရည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ