Local Celebrity: ညစ်ညမ်းတဲ့ အခန်းတွေ မပါဘူးလို့ အေးမြတ်သူပြော

သူမပါဝင်ထားတဲ့ "မအေးပွင့် မြင့်မြင့်စန်းလမ်းသုံးဆယ်" ရုပ်ရှင်ဇာတ်ကားကတော့ ပရိသတ်တွေ စိတ်ဝင်စားနေကြတဲ့ ကားတစ်ကားလည်း ဖြစ်ပါတယ်။

play

 

ရုံတင်မပြသမီ ထွေလာကြေညာတဲ့ အချိန်မှာကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ ရုပ်ရှင်ဇာတ်ကားက  " မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်"  ဇာတ်ကားဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ထားတဲ့ အေးမြတ်သူကလည်း သူမကိုယ်တိုင် အဲ့ဒီဇာတ်ကားအတွက် ရင်ခုန်တယ်လို့ ဆိုပါတယ်။

play

 

ထိုရုပ်ရှင်ဇာတ်ကားမှာ လူမြင် မသင့်တော်တဲ့ ညစ်ညမ်းတဲ့အခန်းတွေ မပါဝင်သလို ကင်မရာသဘောအရ ပရိသတ်တွေကို လှည့်စားထားတဲ့ ဇာတ်ဝင်ခန်းလေးတွေ ပါရှိပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်တယ်လို့ သိရပါတယ်။

play

 

"မအေးပွင့် မြင့်မြင့်စန်းလမ်းသုံးဆယ်" ဇာတ်ကားက ယခင် မင်းသမီး ခင်သီတာထွန်း ရိုက်ကူးကတည်းက နာမည်ကြီးခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကို အောက်တိုဘာလထဲမှာ ရုံတင်ပြသမယ်လို့ သိရပါတယ်။

Source : Myanmar Celebrity

Photo  : အေးမြတ်သူ ဖေစ့်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ