Local Celebrity: နိုဝင်ဘာလထဲမှာ ပြုလုပ်မယ့် အေးချမ်းမေရဲ့ တစ်ကိုယ်တော်ရှိုး

တစ်ကိုယ်တော်ရှိုးအတွက်လည်း ရင်ခုန်နေတယ်လို့ သိရပါတယ်။

play

 

မြန်မာပရိသတ်များနဲ့ နှစ်အတော်ကြာ ကင်းကွာနေတဲ့ အဆိုတော် အေးချမ်းမေရဲ့ တစ်ကိုယ်တော်ရှိုးကို နိုဝင်ဘာ(၁၉)ရက်နေ့တွင် ရန်ကုန်မှာ ပြုလုပ်ကျင်းပတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီဖျော်ဖြေပွဲမှာ သူမရဲ့ အောင်မြင်ခဲ့တဲ့ တေးသီချင်းများကို ပြန်လည်သီဆိုသွားမှာ ဖြစ်သလို အဲ့ဒီသီချင်းတွေကိုလည်း ပြန်လည် ဆန်းသစ်သီဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

မြန်မာနိုင်ငံက ပရိသတ်များနဲ့ ဝေးကွာနေတဲ့ သူမက ပရိသတ်များနဲ့ တွေ့ဆုံဖို့အတွက်ကိုလည်း ရင်ခုန်နေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါသေးတယ်။

ရန်ကုန်ဖျော်ဖြေပွဲကို နိုဝင်ဘာ(၁၉)ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး မန္တလေးမြို့မှာတော့ နိုဝင်ဘာ(၂၆)ရက်နေ့မှာ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ