Local Celebrity: အလှူအတန်းမှာ ရက်ရောလွန်းသူ မေခလာ

ဇူလိုင်(၃၀)ရက် ဒီနေ့မှာလည်း ပရဟိတလူငယ်အဖွဲ့တွေနဲ့အတူ လှူဒါန်းမှုတွေ ပြုခဲ့ပါသေးတယ်။

play

 

အဆိုတော် မေခလာက ဒီနေ့မှာ MCF ပရဟိတလူငယ်အဖွဲ့နဲ့အတူ မော်ဘီမြို့၊ ဝါးနက်ချောင်းစံပြကျေးရွာမှာ ရှိတဲ့ ပါရမီဖြည့် ဘုန်းတော်ကြီးကျောင်းမှာ အလှူပြုခဲ့တယ်လို့ သိရပါတယ်။

play

 

ပါရမီဖြည့်ဘုန်းတော်ကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်လှူခဲ့သလို ကျောင်းသူကျောင်းသားများအတွက် လိုအပ်သည့် စာရေးကိရိယာများနဲ့ အစားအသောက်များ လှူဒါန်းခဲ့တယ်လို့ တယ်လို့ မေခလာရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

play

 

ထို ဘုန်းကြီးကျောင်းမှာ နှစ်ပေါင်း(၅၀)ကျော်ရှိပြီး ဆွေးမြေ့မှုများနဲ့အတူ လိုအပ်ချက်များစွာ ရှိနေသေးတာကြောင့် ပရိသတ်များလည်း လှူဒါန်းကြဖို့အတွက် နိုးဆော်ထားပါသေးတယ်။

Photo : မေခလာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ