Local Celebrity: လုံခြုံရေးဘဝမှ အဆိုတော်ဘဝသို့ ရောက်ရှိလာသူ အောင်ထက်

တစ်ကယ့်ကို ချီးကျူးစရာကောင်းတဲ့ လူငယ်အဆိုတော် တစ်ယောက်လည်း ဖြစ်ပါတယ်။

play

 

အဆိုတော် အောင်ထက်ဟာ Fame ဆေးဝါးစက်ရုံရဲ့ လုံခြုံရေးဘဝကနေ ရုန်းကန်လှုပ်ရှားရင်း ဝါသနာပါရာကို ဇွဲရှိရှိနဲ့ ကြိုးစားခဲ့ရာက ယခုဆိုရင် အောင်မြင်တဲ့ အဆိုတော် တစ်ယောက် ဖြစ်လို့ လာခဲ့ပါတယ်။

play

 

ကိုယ်ပိုင်သံစဉ်တွေ ပါဝင်ထားတဲ့ "ဟေး..မိတ်ဆွေ"  တေးစီးရီးကို MTV အဖြစ် ပုံဖော်နေရာမှ အဲ့ဒီအခွေထဲတွင် ပါဝင်တဲ့ " ရွက်ကျပင်"ဆိုတဲ့ သီချင်းကို သူရဲ့ ယခင်လုပ်ငန်းခွင် ဖြစ်တဲ့ Fame စက်ရုံမှာ သွားရောက် ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။

play

 

အဲ့ဒီ သီချင်းလေးကို အလှမယ် L ဘောက်နူးနဲ့အတူ ရိုက်ကူးခဲ့တာ ဖြစ်ပြီး  လုံခြုံရေး ပုံစံမျိုးနဲ့ ပြန်လည် သရုပ်ဆောင်ထားပါတယ်။ သူရဲ့ ဘဝမမေ့တဲ့ စိတ်ဓာတ်နဲ့အလုပ်လုပ်စဉ်ကတည်းက ရိုးသားကြိုးစားတဲ့ စိတ်ဓာတ်ကိုလည်း Fame မိသားစုအားလုံးက ဝမ်းသာဂုဏ်ယူနေကြတယ်လို့ သိရပါတယ်။

Photo : Phome Shein Htet ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ