Local Celebrity: ပရိသတ်အားပေးလို့ ဂီတအလုပ်ကို ဆက်လုပ်မယ့် ခင်ရူပ

တစ်ကိုယ်တော်အခွေထွက်ဖို့ကိုလည်း အချိန်ယူစီစဉ်မယ်လို့ သူမက ဆိုပါတယ်။

play

 

အွန်လိုင်းပေါ်မှာ တင်ခဲ့တဲ့  " မနက်ဖြန်တိုင်း"သီချင်းဗီဒီိယိုဖိုင်က ပရိသတ်အားပေးမှု ရရှိခဲ့တာကြောင့် ဂီတအလုပ်များ ဆက်လုပ်သွားဖို့ အင်အားတစ်ခု ဖြစ်စေခဲ့တယ်လို့ ခင်ရူပက ဆိုပါတယ်။

play

 

ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တဲ့ အဆိုဘက်ကိုလည်း ကြိုးစားလုပ်ကိုင်သွားမှာ ဖြစ်ပြီး တစ်ကိုယ်တော် အခွေကိုလည်း အကောင်းဆုံးဖြစ်အောင် အချိန်ယူစီစဉ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အလှမယ် တစ်ယောက် လည်း  ဖြစ်သလို မော်ဒယ် တစ်ယောက်လည်း ဖြစ်တဲ သူမက လက်ရှိမှာတော့ မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်များလုပ်သွားမှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။

play

 

သီချင်းခွေကိုလည်း စိတ်တိုင်းကျဖြစ်တဲ့အထိ အချိန်ယူပြင်ဆင်သွားပြီး အွန်လိုင်းပေါ်မှာလည်း သီချင်းတွေ ထပ်တင်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ