Local Celebrity: မွေးနေ့အလှူလုပ်ဖို့ နေရာ ကြိုတင်စုံစမ်းနေတဲ့ နေဒွေး

အောက်တိုဘာလ (၉)ရက်နေ့က သရုပ်ဆောင်နေဒွေးရဲ့ မွေးနေ့ ဖြစ်ပါတယ်။

play

 

အောက်တိုဘာ(၉) ရက်နေ့မှာ ကျရောက်မယ့် သရုပ်ဆောင်နေဒွေးရဲ့ မွေးနေ့အတွက် ဒီနေ့မှာ We love I dol Nay Dway အဖွဲ့နဲ့အတူ အလှူလုပ်ဖို့ နေရာကို ကြိုတင်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

play

 

အမှန်တကယ် လိုအပ်နေတဲ့ နေရာကို သွားရောက်လှူဒါန်းသွားမယ့် နေဒွေးကတော့  မွေးနေ့တွင် NAC Nld HIV/ AIDS ကူညီစောင့်ရှောက်ရေးဂေဟာက ကလေးများကိုနေ့လယ်စာကျွေးသွားမှာ ဖြစ်သလို အမှတ်တရ လက်ဆောင်များကိုလည်း ပေးသွားမယ် လို့ သူရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

နေဒွေးက လှူဒါန်းမယ့် နေရာကို ပရိသတ်များနဲ့အတူ သွားရောက်လေ့လာခဲ့ပါတယ်။

Photo : နေဒွေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ