Local Celebrity: သီချင်း(၅)ပုဒ်နဲ့ ချမ်းချမ်းရဲ့ စီးရီးခွေ

စတုတ္ထစီးရီးခွေကို အရင်လို သီချင်းအများကြီး မထုတ်တော့ဘူးလို့ သိရပါတယ်။

play

 

ချမ်းချမ်းကတော့ စတုတ္ထတေးစီးရီးခွေ ထွက်ဖို့အတွက် ပြင်ဆင်နေပြီလို့ သိရပါတယ်။ စတုတ္ထမြောက် စီးရီးခွေကို အရင်လို သီချင်းအများကြီး မထည့်တော့ဘဲ သီချင်းငါးပုဒ်ပဲ ထည့်ထားပြီး အမ်တီဗီကိုလည်း တစ်ခါတည်း ရိုက်ကူးပြီးမှ အခွေထုတ်မယ်လို့ သူမက ဆိုပါတယ်။

play

 

အခုလက်ရှိမှာတော့ နယ်ရှိုးတွေကို သီဆိုနေပြီဖြစ်သလို သူမအခွေအတွက်ကိုလည်း သေချာလေး ပြင်ဆင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ချမ်းချမ်းကတော့ Myanmar idol second season မှာ ဒိုင်အဖြစ် ပါဝင်တော့မှာ မဟုတ်ဘူးဆိုတာကိုလည်း သူမဖေ့စ်ဘွတ်ပေါ်ကနေတစ်ဆင့် ပရိသတ်တွေကို အသိပေးထားပါသေးတယ်။

Photo : ချမ်းချမ်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ