Local Celebrity: စင်ကာပူရောက် မြန်မာတွေကို ပြန်လာစေချင်တဲ့ ပြေတီဦး

စင်ကာပူမှာ မြန်မာပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပြီး ညစာလည်း အတူတူစားခဲ့တယ်လို့ သိရပါတယ်။

play

 

Singapore Tourism Board အစီအစဉ်နဲ့ စင်ကာပူနိုင်ငံကို သွားရောက်ခဲ့တဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က စင်ကာပူရောက်မြန်မာပရိသတ်များနဲ့ တွေ့ဆုံခဲ့ကြပါတယ်။

play

 

အဝေးရောက် ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ကြတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့က ပရိသတ်များနဲ့ တွေ့ဆုံခဲ့ရတဲ့ အတွက် အရမ်းကို ဝမ်းသာနေကြပြီး အဝေးရောက် မြန်မာပရိသတ်များကို မြန်မာနိုင်ငံကို အမြန်ဆုံး ပြန်လာ စေချင်တယ်လို့ ဆိုပါတယ်။

play

 

ပရိသတ်များကလည်း ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ မိသားစုကို မထင်မှတ်ဘဲ ပြည်ပကို ရောက်နေချိန် တွေ့ဆုံခဲ့ရတဲ့အတွက် အရမ်းကို ပျော်ရွှင်ခဲ့ရတယ်လို့ သိရပါတယ်။

Source & Photo : 7day TV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ