Local Celebrity: ရိုက်ကူးရေး (၂)လ နားထားတဲ့ ဟိန်းဝေယံ

ကျန်းမာရေး အခြေအနေကြောင့် ရိုက်ကူးရေးနားထားတယ်လို့ သိရပါတယ်။

play

 

နှလုံးအားနည်းပြီး ရုတ်တရက် ဆေးရုံတင်လိုက်ရတဲ့ ဟိန်းဝေယံက လက်ရှိမှာ ရိုက်ကူးရေးတွေ နားထားတယ်လို့ သိရပါတယ်။ ကျန်းမာရေး ပြန်လာကောင်းမွန်လာပေမယ့်လည်း ရိုက်ကူးးရေးကိုတော့ နှစ်လနီးပါးလောက် နားထားရမယ်လို့သိရပါတယ်။

play

 

နှလုံးအားနည်းတက်တဲ့ ဟိန်းဝေယံက  အရင်တုန်းကလည်း ရုတ်တရက် သွေးပေါင်ကျတာမျိုးရှိပေမယ့် ယခုလောက်ရှိ ဆိုးဆိုးဝါးဝါး မဖြစ်ဖူးဘူးလို့ ဆိုပါတယ်။

(၂)လလောက် ရိုက်ကူးရေး နားထားပြီးရင်လည်း ဒါရိုက်တာ ဝင်းထွန်းထွန်းနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်လည် ရိုက်ကူးဖို့ ရှိကြောင်း သိရပါတယ်။

Source : Popular News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ