Local Celebrity: ဝေဖန်မှုကို စောင့်မျှော်နေတဲ့ ထွန်းကိုကို

"ခိုးဆိုးလုနှိုက်" ဇာတ်ကားကြီးနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုကို လိုချင်နေတာလည်း ဖြစ်ပါတယ်။

play

 

ခိုးဆိုလုနှိုက်ဇာတ်ကားထဲမှာ ရဲအရာရှိ တစ်ယောက် အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထွန်းကိုကိုကတော့ သူပါဝင်ရတဲ့ ဇာတ်ဝင်ခန်းနဲ့ပတ်သက်ပြီး ပရသိတ်တွေရဲ့ ဝေဖန်မှုကို စောင်မျှော်နေတယ်လို့သိရပါတယ်။ ပထမဆုံး ရုပ်ရှင် ဇာတ်ကားကြီး ဖြစ်တဲ့အတွက် စိုးရိပ်မှုတွေရှိခဲ့ပေမယ့်  အကောင်းဆုံးဖြစ်အောင် ကြိုးစား သရုပ်ဆောင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

play

 

ခိုးဆိုးလုနှိုက်ဇာတ်ကားကတော့ ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့အတွက် သတ်မှတ်ရက်ထက် နောက်သုံးပတ်တိုင်တိုင် ရုံတင်ပြသခွင့်ကိုလည်း ရရှိခဲ့ပါတယ်။

ထွန်းကိုကိုကတော့ လက်ရှိမှာ ဒါရိုက်တာ စင်ရော်မောင်မောင်ရိုက်ကူးတဲ့ "ထာဝရအမေ" ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်ရမှာ ဖြစ်တဲ့အတွက် လိုအပ်တာတွေ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ