Local Celebrity: ထူးအိမ်သင်ရဲ့ သီချင်းအားလုံး စုစည်းကာ စာအုပ်ထုတ်မည်

ထူးအိမ်သင်ရဲ့ ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထွက်ရှိမှာ ဖြစ်ပါတယ်။

play

 

နာမည်ကျော် အဆိုတစ်ဦးဖြစ်တဲ့ ထူးအိမ်သင်ရဲ့ ကွယ်လွန်ခြင်း(၁၂)နှစ်ပြည့် အထိမ်းအမှတ်တစ်ခုအဖြစ် ထူးအိမ်သင် သီချင်းပေါင်းချုပ် စာအုပ်ထုတ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

play

 

ထူးအိမ်သင်သီချင်းပေါင်းချုပ် စာအုပ်ကို စိတ်ကူးချိုချိုစာအုပ်တိုက်(၁၇)နှစ်ပြည့် အမှတ်တရ စာအုပ် အရောင်းပွဲရက် အတွင်းမှာ ရောင်းချသွားမှာ ဖြစ်ပြီး တစ်အုပ်ကို (၅၅၀၀)ကျပ်နဲ့ ရောင်းသွားမယ်လို့ သိရပါတယ်။

အဆိုတော် ထူးအိမ်သင်က တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားတဲ့ အဆိုရှင်တစ်ယောက် ဖြစ်သလို ယခုအချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာ ယူထားနိုင်သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

Source : Mizzima News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ