Local Celebrity: ကိုယ့်ကိုကိုယ် အကယ်ဒမီရပြီးတာကို မေ့နေတဲ့ ဦးဇော်ဦး

အကယ်ဒမီ ရုပ်ထုကို ဘရာဆိုနဲ့ ပြန်တိုက်နေရင်း ထွက်ကျလာတဲ့ ဦးဇော်ဦးရဲ့ ရင်ဖွင့်စကားသံ ဖြစ်ပါတယ်။

play

 

အကယ်ဒမီ ဦးဇော်ဦးကတော့ ကိုယ့်ကိုကိုယ် အကယ်ဒမီ ရပြီးတာကို မေ့နေတယ်လို့ ဆိုပါတယ်။ အကယ်ဒမီရုပ်ထုမှာ တက်နေတဲ့ အညစ်အကြေးတွေကို ဘရာဆိုနဲ့ ပြန်တိုက်ရင်း ထွက်ကျလာတဲ့ ရင်ဖွင့်စကားသံလည်း ဖြစ်ပါတယ်။

play

 

ကိုယ့်လောကထဲက ပရိုဂျုဆာတစ်ယောက်က ဦးဇော်ဦး အကယ်ဒမီရပြီးပြီ ဟုတ်လားလို့ တအံ့တသြမေးခြင်းကို လည်း ခံရဖူးတယ်လို့ သူက ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲတွေမှာ  အခြားအကယ်ဒမီများ ဝေဝေဆာဆာ တန်းစီနေချိန်မှာ ဇောဦးရဲ့နာမည်ကတော့ နောက်ဆုံးတန်းမှာ အကယ်ဒမီမဲ့စွာ ပိစိသေးကွေးလေး ပါနေကြပါလို့လည်း ရင်ဖွင့်ထားပါတယ်။

play

 

အကယ်ဒမီ ဦးဇော်ဦးဟာ ၂၀၀၃ခုနှစ်တွင် အမေ့နို့ဖိုး ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသားဇာတ်ပို့ဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

Photo :  ဦးဇော်ဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ