Local Celebrity: မကွေးတိုင်း ပခုက္ကူဘက်ကို ရေဘေးသွားလှူဖြစ်ခဲ့တဲ့ ဇွဲပြည့်

ကိုယ့်နိုင်ငံမှာ ဒီလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ကြုံနေတာတွေ့ရတော့ စိတ်မကောင်းဖြစ်မိတယ်လို့ ဆိုပါတယ်။

play

 

အဆိုတော် ဇွဲပြည့်ကတော့ မကွေးတိုင်းပခုက္ကူဘက်ကို ရေဘေးသင့်ပြည်သူများအတွက် သွားရောက် လှူဒါန်းဖြစ်တယ်လို့  သိရပါတယ်။ ဧရာဝတီမြစ်ကမ်းဘေးမှာ ရှိတဲ့ရွာတွေမှာ ရေက ဝါးနှစ်ပြန်စာလောက် တက်လာတဲ့အတွက် အရမ်းကို အဆင်မပြေဖြစ်နေကြတယ်လို့လည်း သိရပါတယ်။

play

play

 

ဇွဲပြည့်တို့အဖွဲ့ဟာ ရေသန့်များနဲ့ ခေါက်ဆွဲထုတ်တွေအပြင်ငွေကျပ် ၁၅သိန်းဖိုးကို သွားရောက် အဲ့ဒီမြို့များသို့ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။

အလှူအတန်းတွေ လုပ်ရတာပျော်ပေမယ့်လည်း ဒီလိုသဘာဝဘေးအန္တရာယ်ကျရောက်တဲ့ နေရာတွေကို သွားလှူရတာတော့ စိတ်မကောင်း ဖြစ်မိတယ်လို့ သူက ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ