Local Celebrity: ကုသိုလ်တွေ လုပ်ရင်းပျော်နေတဲ့ ချမ်းချမ်း

ဘုရားထီးတော်တင်ဖို့အတွက် ပါဝင်ကုသိုလ်ပြုထားတယ်လို့ သိရပါတယ်။

play

 

ပြင်ဦးလွင်မြို့နယ်၊ မြန်ပြည်သာကျေးရွာမှာ တည်ထားကိုးကွယ်မယ့် "အေးချမ်းသာ စေတီတော်" ဘုရားထီးတင်ပွဲတွင် ပါဝင်လှူဒါန်ထားတဲ့ ချမ်းချမ်းက တစ်ယောက် ကုသိုလ်တွေ လုပ်ရင်းပျော်နေတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

play

 

"တစ်ကယ်လိုအပ်နေတာလေးတွေကို ကိုယ်နိုင်သလောက် အားဖြည့်ရင်းနဲ့ပဲ ကျွန်မရဲ့ တစ်နေ့တာကို ကုန်ဆုံးရတာ စိတ်ချမ်းသာတယ်။ကျွန်မရဲ့ ပရိသတ်တွေလည်း ကျွန်မတို့ မိသားစုနဲ့အတူ အလှူရှင်မအေးအေးခိုင်နဲ့ မြန်ပြည်သာကျေးရွာလေးမှာ ပါဝင်ကုသိုလ်ပြုထားတဲ့ ဘုရားလေးကို လာပြီး ကုသိုလ်ယူကြပါဦး" လို့ သူမက နှိုးဆော်ထားပါသေးတယ်။

play

 

ဘုရားထီးတင်ပွဲကိုလည်း သြဂုတ်လ(၁၇) ရက်နေ့မှာ ကျင်းပမှာ ဖြစ်တာကြောင့် ခုနှစ်ရက်သားသမီးများ အားလုံးကို လာရောက်ဖို့အတွက်ကိုလည်း ဖိတ်ခေါ်ထားပါသေးတယ်။

Photo : ချမ်းချမ်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ