Local Celebrity: မြန်မာပြည် အလယ်ပိုင်း ရေဘေးသင့် ပြည်သူများဆီသွားမယ့် ခိုင်နှင်းဝေ

ပြည်မြို့က ရေဘေးသင့်ပြည်သူတွေဆီ အရင်ဆုံးသွားမယ်လို့ သိရပါတယ်။

play

 

ခိုင်နှင်းဝေဦးဆောင်တဲ့ ပရဟိတအဖွဲ့က မြန်မာပြည်အလယ်ပိုင်းရေဘေးသင့်ပြည်သူများဆီ သွားရောက်လှူဒါန်းဖို့ အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

အခုလက်ရှိမှာတော့ ပစ္စည်းတွေ စတင်စုဆောင်းနေပြီဖြစ်ကာ အလှူငွေတွေလည်း လိုက်စုနေပြီလို့ သိရပါတယ်။

ခိုင်နှင်းဝေပရဟိတအဖွဲ့အနေနဲ့ ပြည်မြို့သို့ အရင်ဆုံး သွားရောက်လှူဒါန်းမှာ ဖြစ်ပြီး မကွေးဘက်နဲ့ မြန်မာပြည် အလယ်ပိုင်းတစ်လျှောက်လုံးကို သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။

Source : Yangon Media Group

Photo  : ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ