Local Celebrity: မင်းသမီးများနဲ့ မင်းသားတွေ ဘောလုံးကန်မယ့် ရေဘေးရန်ပုံငွေပွဲ

"မဒီကညာတို့နှင့်ရယ်စရာဘောလုံးပွဲ" လို့ နာမည်ပေးထားပါတယ်။

play

 

မင်းသမီးများနဲ့ မင်းသားတွေ ဘောလုံးကန်မယ့် ရေဘေးရန်ပုံငွေ ဘောလုံးပွဲကို သြဂုတ်လ(၇)ရက်နေ့နေ့လည်(၁)နာရီတွင် မန္တလေးမြို့ ဗထူးကွင်းတွင် ကျင်းပမှာ ဖြစ်ပါတယ်။ ရေဘေးသင့်ဒေသများအတွက် အလှူငွေ ကျပ်သိန်း(၂၀၀)ကို အနုပညာရှင်အားလုံးရဲ့ ကိုယ်စား ရုပ်ရှင်အစည်းအရုံးမှ လှူဒါန်းသွားမှာလည်း ဖြစ်သလို မန္တလေးတိုင်းဝန်ကြီးချုပ်မှ တက်ရောက် လက်ခံပေးမှာ ဖြစ်ပြီး Sky net HD pay per view နှင့် Hadaya  channel တို့မှလည်း တိုက်ရိုက်ထုတ်လွှင့်ပေးသွားမှာ လည်း ဖြစ်ပါတယ်။

"မဒီကညာတို့နှင့်ရယ်စရာဘောလုံးပွဲ"တွင် အနုပညာရှင်အနီရောင်အသင်းနဲ့ အဖြူရောင်အသင်းဆိုပြီး သတ်မှတ်ထားကာ နာမည်ကြီး အနုပညာရှင်များစွာ ပါဝင်သွားမှာ ဖြစ်သလို လက်မှတ်ဈေးနှုန်းကိုတော့ အထူးတန်း ငါးထောင်နဲ့ ရိုးရိုးတန်း နှစ်ထောင်ဆိုပြီး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရေဘေးအတွက် ရန်ပုံငွေရှာဖွေတဲ့ ပွဲလည်း ဖြစ်သလို အထက်မြန်မာပြည်ဗီဒီယိုဈေးကွက် ပြန်လည်ထူထောင်နိုင်ရန် ရန်ပုံငွေရရှိရေးအတွက်ပြုလုပ်တဲ့ ပွဲလည်း ဖြစ်တယ်လို့ သိရပါတယ်။

Photo : လူမင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ