Local Celebrity: ဘောလုံး မကန်တတ်ဘူးဆိုတဲ့ အေးမြတ်သူ

ရန်ပုံငွေဘောလုံးပွဲမှာ ပါဝင်ပေမယ့်လည်း ဘောလုံးမကန်တတ်ဘူးလို့ သူမက ဆိုပါတယ်။

play

 

သြဂုတ်လ(၇)ရက်နေ့ မန္တလေးဗထူးကွင်းမှာ ကျင်းပမယ့် ရေဘေးရန်ပုံငွေ ဘောလုံးပွဲမှာ အေးမြတ်သူ တစ်ယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဘောလုံးပွဲမှာ ပါဝင်တဲ့ အေးမြတ်သူကတော့ ဘောလုံး မကန်တတ်ဘူးလို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။

play

 

"ဘောလုံးလုံးဝမကန်တက်ပါဘူးရှင်။ ပရဟိတ အလှူပွဲလေးမို့ ကွင်းထဲမှာ ဘောလုံးရှောင်ပြီး ပတ်နားနေပါ့မယ်။ live လွှင့်မယ် ဆိုတော့ ပိုစိုးရိမ်မိပါတယ်။  မကန်တက်ဘဲ ညာပြီး လျှောက်လုပ်နေတယ်လို့ ထင်မှာလဲ စိုးရိမ်မိပါတယ်" လို့ သူမက ဆိုပါတယ်။

play

 

ဘောလုံးနဲ့ပတ်သက်လာရင် မြန်မာအသင်းကန် အားပေးပြီး ကြည့်တဲ့ သူဖြစ်တာကြောင့် ဘာဆိုဘာမှ မလုပ်တက်လို့  အားလုံး ခွင့်လွှတ်နားလည်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

Photo : အေးမြတ်သူ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ