Local Celebrity: ထူးထူးခြားခြား ကာရိုက်တာနဲ့ "ဘောစိ"ဇာတ်ကားထဲက တက္ကသိုလ် ဂွမ်းပုံ

"ဘောစိ" ဇာတ်ကားထဲမှာ ဇာတ်ဆောင်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။

play

 

ဒါရိုက်တာ ပြည်ဟိန်းသီဟရိုက်ကူးထားတဲ့ "ဘောစိ" ရုပ်ရှင်ဇာတ်ကားမှာ တက္ကသိုလ် ဂွမ်းပုံက ဇာတ်ဆောင် တစ်ယောက်အနေနဲ့ ပါဝင်သရုပ်ဆောင်ကာ ယခင်ရိုက်ကူးနေကျ ဇာတ်ရုပ်ပုံစံမျိုး မဟုတ်ဘဲ ထူးထူးခြားခြား ကာရိုက်တာလေးနဲ့ တွေ့မြင်ရမှာလည်း ဖြစ်ပါတယ်။

play

 

ဒါရိုက်တာ လိုချင်တဲ့ ကာရိုက်တာကို ထိထိမိမိရနိုင်အောင် ဒါရိုက်တာရဲ့ သွန်သင်ဆုံးမမှုနဲ့ လမ်းညွှန်ပြသမှုတွေ အပေါ်မှာ အကောင်းဆုံးဖြစ်အောင် သရုပ်ဆောင်ထားတယ်လို့ သူမက ဆိုပါတယ်။

play

 

သူမအနေနဲ့ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတိုင်းကိုလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားထားသလို ပါဝင်တဲ့ သူတွေအားလုံး တိုင်တိုင်ပင်ပင်နဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတဲ့အတွက်လည်း ပရိသတ်များ ကြည့်ရှုအားပေးဖို့ကိုလည်း ဂွမ်းပုံလေးက တိုက်တွန်းထားပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ