Local Celebrity: ဗီလိန်ဇာတ်ရုပ်မှ သရုပ်ဆောင်ချင်သူ သန္တာဗို

ကာရိုက်တာမျိုးစုံထဲကမှ ဗီလိန်ဇာတ်ရုပ်ကို လုပ်ကြည့်ချင်တယ်လို့ သူမက ဆိုပါတယ်။

play

 

သရုပ်ဆောင် အဆိုတော် သန္တာဗိုက လက်ရှိမှာ  "ကျောက်သင်ပုန်းပေါ်က ခလေးလက်ရေး"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ပြေတီဦး၊နေမင်း၊ ပတ်ထရစ်ရှာတို့နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။

play

ဇာတ်ကားတွေ များစွာ ရိုက်ကူးနေရတဲ့ သန္တာဗိုက ကာရိုက်တာတွေ အများကြီးထဲကမှ ဗီလိန်ဇာတ်ရုပ်ကတော့ သူမသရုပ်ဆောင် အဆောင်ချင်ဆုံး ဇာတ်ရုပ်တစ်ခုဖြစ်တယ်လို့ဆိုပါတယ်။ ရိုမန့်ဆန်တဲ့ အချစ်ဇာတ်လမ်း ကောင်းကောင်းလေးလည်း ရိုက်ကူးချင်တယ်လို့ သူမက ပြောပါတယ်။ အဓိကတော့ ဗီလိန်ဇာတ်ရုပ်ကို သရုပ်ဆောင် ကြည့်ချင်တာပါလို့ ဆိုပါတယ်။

play

သရုပ်ဆောင် ပညာနဲ့ ပတ်သက်လာရင် အမဖြစ်သူ ချောရတနာက အနီးကပ်သင်ကြားပေးတဲ့အတွက် သရုပ်ဆောင်ပိုင်းကို အဆင်ပြေစွာ လုပ်နိုင်တာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။

Source : Shape Journal

Photo  : သန္တာဗို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ