Local Celebrity: သီချင်းတွေ တိုက်နေပြီ ဖြစ်တဲ့ ပိုးအိစံ

တစ်ကိုယ်တော် ဖျော်ဖြေရေးအတွက် သီချင်းတွေ စတိုက်နေပြီလို့ သိရပါတယ်။

play

 

အောက်တိုဘာလထဲတွင် ကျင်းပမယ့် "မွေးဖွားခြင်း နှစ်(၂၀)ပြည့် Live Show " အတွက် ပိုးအိစံကတော့ သီချင်းတွေ စတိုက်နေပြီလို့ ဆိုပါတယ်။ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောက်တိုဘာလထဲမှာ ကျင်းပမှာ ဖြစ်ပေမဲ့ အစအစအရာအရာ အားလုံးကို သေသေချာချာလေး ဖြစ်ချင်တာကြောင့် သီချင်းတွေကို အခုကတည်းက စတိုက်နေတယ်လို့သူမက ပြောပါတယ်။

play

 

အဲ့ဒီရှိုးပွဲတွင် သီချင်းပေါင်း (၃၀)လောက် သီဆိုမှာဖြစ်သလို သူမရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေဖျော်ဖြေမှာ ဖြစ်ပြီး စာရေးဆရာတင်မောင်လှိုင်ရေးသားထားတဲ့ သီချင်းသစ် (၃) ပုဒ်ကိုလည်း ထည့်သွင်းသီဆိုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ဖျော်ဖြေပွဲလုပ်မယ့် နေရာကတော့ အခုထိ အတိအကျမသိသေးဘူးလို့ သိရပါတယ်။ ဖျော်ဖြေပွဲတွင်လည်း အဖေဖြစ်သူ သန်းထွန်းလေးနဲ့ ရန်အောင်တို့ပါဝင်ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ