Local Celebrity: လိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းဖို့ ရန်ပုံငွေရှာခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်

မွေးနေ့တွင် လှူဒါန်းသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

play

 

အဆိုတော် အိုင်းရင်းဇင်မာမြင့်ရဲ့ သြဂုတ်လ(၂၉)ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့အတွက် We love Irene Zin Mar Myint အဖွဲ့က လိုအပ်နေတဲ့ နေရာများတွင် အလှူပြုနိုင်အောင် ဈေးရောင်းပွဲတော်လေး ပြုလုပ်ကာ ရန်ပုံငွေ ရှာခဲ့တယ်လို့သိရပါတယ်။

play

 

ရန်ပုံငွေမှာ ရရှိလာတဲ့ အမြတ်ငွေများကို လိုအပ်နေတဲ့ မိဘမဲ့ကလေးများနဲ့ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာများ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ သူမက ဆိုပါတယ်။ ဈေးရောင်းပွဲတော်ကို သြဂုတ်လ(၆)ရက်နေ့က လှည်းတန်းစင်တာအရှေ့မှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

လက်ရှိမှာတော့ သူမရဲ့ "ချစ်လို့ " တစ်ကိုယ်တော်အခွေအတွက် MTV ရိုက်ကူးနေပြီး နယ်ရှိုးများလည်း ဖျော်ဖြေဖြစ်နေတယ်လို့သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ