Local Celebrity: ချစ်သူရှိနေပေမယ့် သေချာမှပြောပြမယ့် သင်ဇာဝင့်ကျော်

အချစ်ရေးနဲ့ ပတ်သက်လို့ အားလုံးသေချာမှ ပရိသတ်ကို အသိပေးမှာဖြစ်တယ်လို့သိရပါတယ်။

play

 

အချစ်ရေးနဲ့ပတ်သတ်ပြီး ကံကောင်းသူ တစ်ယောက်လို့ ကိုယ့်ကိုကိုယ် သတ်မှတ်ထားတဲ့ သင်ဇာဝင့်ကျော်ကတော့ လက်ရှိအချိန်မှာ ချစ်သူရှိနေပြီလို့ သိရပါတယ်။

play

ချစ်သူရှိနေပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်က သူမရဲ့ ချစ်သူဘယ်သူလဲဆိုတာကို အားလုံးသေချာမှ ပရိသတ်တွေ ပြောပြချင်တယ်လို့ ဆိုပါတယ်။ အိမ်ထောင်ပြုမယ့် အသက်အရွယ်ရောက်နေပေမယ့်လည်း အိမ်ထောင်ပြုဖို့တော့ အစီအစဉ်မရှိသေးဘူးလို့ သူမက ပြောပါတယ်။

play

လက်ရှိမှာတော့ အောင်ရဲလင်း၊ စိုးမြတ်သူဇာတို့နဲ့အတူ "မောင့်ကိုဘယ်တော့မှမမုန်းဘူး" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : သင်ဇာဝင့်ကျော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ