web

Local Celebrity: သီချင်းခွေထုတ်ဦးမယ့် စွမ်းဇာနည်

ကိုယ်တိုင်ရေးထားတဲ့ သီချင်းလည်း ပါဝင်မယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင်ဘက်မှာသာမက သဘင်ဘက်မှာလည်း ပရိသတ်အခိုင်အမာရရှိထားတဲ့ စွမ်းဇာနည်ကတော့ အဆိုဘက်ကို ခြေဦးလှည့်လို့လာပြီ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ဝါသနာပါတဲ့ ဂီတဘက်ကို ယခုအခါ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားနေပြီ ဖြစ်ကာ တေးစီးရီးခွေကိုတော့ ဒီဇင်ဘာလထဲမှာ ထွက်မယ်လို့သိရပါတယ်။

play

 

အဲ့ဒီအခွေထဲမှာ ကိုယ်တိုင်ရေးသားထားတဲ့ အချစ်သီချင်းတစ်ပုဒ်ပါဝင်မှာ ဖြစ်ပြီး အရှုံးအမြတ်ကို အဓိကမထားပဲ သူ့ရဲ့  အိမ်မက်ကို အထောင်အထည်ဖော်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

play

 

သူရဲ့ တေးစီးရီးခွေကို MTVအနေနဲ့ တစ်ခါတည်း ထွက်ရှိမှာ ဖြစ်ပြီး ရိုက်ကူးရေးပိုင်းတွင် မြန်မာနိုင်ငံအနှံ့ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source : Popular News

Photo  : စွမ်းဇာနည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ