Local Celebrity: သုဒြာရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ပွဲဦးရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး

အိန္ဒြာကျော်ဇင်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဇတ်ကားဖြစ်ပါတယ်။

play

 

အိန္ဒြာကျော်ဇင်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးက ရိုက်ကူးမယ့် " REFLECTION" ရုပ်ရှင်ဇာတ်ကား ကန်တော့ပွဲပေး မိတ်ဆက်ခြင်း အခမ်းအနားကို သြဂုတ်လ(၉)ရက်နေ့ ဒီနေ့ မနက်(၉)နာရီက နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ခဲ့ပါတယ်။

play

 

နာမည်ကြီး မင်းသမီးလေးဦး ပါဝင်ထားတဲ့ အဲ့ဒီရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ(၁၂)ရက်နေ့တွင် ရန်ကုန်နဲ့ နေပြည်တော်တို့မှာ  ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

play

 

" REFLECTION " ရုပ်ရှင်ဇာတ်ကားထဲမှာ အဓိက သရုပ်ဆောင်များ အဖြစ်ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်နဲ့  ပတ်ထရစ်ရှာတို့က ပါဝင်မှာ ဖြစ်ပြီး ဒါရိုက်တာ လူမင်းက ရိုက်ကူးပေးသွားမှာ ဖြစ်ကာ အက်ရှင်ဇာတ်ကားကြီးတစ်ကား ဖြစ်တယ်လို့ သိရပါတယ်။

Photo : အိန္ဒြာကျော်ဇင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ