Local Celebrity: တရားစခန်း (၅) ရက်ဝင်မယ့် ခင်ဝင့်ဝါ

ရုပ်ရှင်ဇာတ်ကားမရိုက်ခင် တရားစခန်းဝင်ဦးမယ်လို့သိရပါတယ်။

play

 

လက်ရှိမှာ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးဖြစ်နေတဲ့ သရုပ်ဆောင်ခင်ဝင့်ဝါက ရုပ်ရှင်ဇာတ်ကားကြီး နှစ်ကား ရိုက်ကူးဖို့ လက်ခံထားတယ်လို့လည်း သိရပါတယ်။ အဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးတွေ မရိုက်ကူးခင်မှာတော့ တရားစခန်း ငါးရက်ဝင်ဖြစ်မယ်လို့ သူမက ဆိုပါတယ်။

play

 

တရားစခန်းဝင်တာ အေးချမ်းတဲ့အတွက် ရုပ်ရှင်ဇာတ်ကားကြီး မရိုက်ခင် အောင်ဇမ္ဗူတောရမှာ တရားစခန်း ထပ်ဝင်ဖြစ်တာပါလို့ သူမက ပြောပါတယ်။ အလှမယ် တစ်ယောက်ဖြစ်တဲ့ ခင်ဝင့်ဝါကတော့ လက်ရှိအချိန်မှာ ပရိသတ် အားပေးမှု ရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်လို့ နေပြီ ဖြစ်ပါတယ်။

Source : The Morning Post Journal

Photo   :  ခင်ဝင့်ဝါ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ