Local Celebrity: ရေဘေးသင့်ပြည်သူများအတွက် ဆယ်သိန်းလှူဒါန်းခဲ့တဲ့ ဝတ်မှုံရွှေရည်

သူမရဲ့ မွေးနေ့ အလှူအဖြစ် ပါဝင်ကုသိုလ်ယူခဲ့တာဖြစ်ပါတယ်။

play

 

ဒီနေ့(သြဂုတ်လ ၁၀)ရက်ကတော့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုံရွှေရည်ရဲ့ မွေးနေ့ဖြစ်ပါတယ်။

play

 

သူမရဲ့ မွေးနေ့တွင် မိသားစုများနဲ့အတူ ရှင်သန်ရေးကူညီမှုအသင်းမှ အဖွဲ့သားများနဲ့ နံနက်(၆)နာရီကတည်းက ရန်ကုန်ဆေးရုံကြီးမှာ နံနက်စာအာဟာရနဲ့ နေ့လည်စာကို ကျွေးမွေးလှူဒါန်းခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

 

နောက်ထပ်လည်း မွေးနေ့အလှူအဖြစ် ရေဘေးသင့်ပြည်သူများအတွက်ကို ရှင်သန်ရေးလူမှုကူညီမှုအသင်းကို ငွေကျပ် (၁၀)သိန်းလှူဒါန်းပေးခဲ့ပါသေးတယ်။

play

 

မွေးနေ့အလှူပြုနေတဲ့ ဝတ်မှုံရွှေရည်ရဲ့ ပုံရိပ်များကိုလည်း ယခုလို တွေ့မြင်ရပါတယ်။

Photo : ဝတ်မှုံရွှေရည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ