Local Celebrity: ကိုယ်ပိုင်ဇာတ်လမ်းကို ကိုယ်တိုင်ရိုက်ကူးမယ့် လူမင်း

Reflection ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ လူမင်းက ရိုက်ကူးပေးသွားမှာ ဖြစ်ပါတယ်။

play

 

နာမည်ကြီး မင်းသမီးလေးဦးပါဝင်ထားတဲ့ Reflection ရုပ်ရှင်ဇာတ်ကားကို လူမင်းက ရိုက်ကူးပေးသွားမှာ ဖြစ်ပါတယ်။ အဲဒီရုပ်ရှင် ဇာတ်ကားကို အက်ရှင်ဇာတ်ကြမ်းပုံစံမျိုး ရိုက်ကူးပေးမှာ ဖြစ်ပြီး ဇာတ်လမ်းကလည်း လူမင်းရဲ့ ကိုယ်ပိုင်ဇာတ်လမ်းဖြစ်တယ်လို့သိရပါတယ်။

play

 

Reflection ဇာတ်ကားကို အိန္ဒြာကျော်ဇင်ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေး ဖြစ်တဲ့ သုဒြာရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးသွားမှာဖြစ်ပြီး ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်နဲ့ ပက်ထရစ်ရှာတို့က အဓိက ပါဝင်သွားမှာ ဖြစ်ပါတယ်။

play

 

ဇာတ်ကားများ ရိုက်ကူးဖြစ်နေတဲ့ လူမင်းက နောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားများတွင် ကိုယ်တိုင်ဒါရိုက်တာအဖြစ် ပိုပြီး ရိုက်ကူးလာတာကို တွေ့ရပါတယ်။

ှSource : 7day Daily

Photo  : လူမင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ