သြဂုတ်လ(၁၀)ရက်နေ့က ကျရောက်တဲ့ ချစ်သုဝေရဲ့ မွေးနေ့မှာ မွေးနေ့အလှူအဖြစ် ရန်ကုန်ကလေးဆေးရုံကြီးရဲ့ ကင်ဆာဆောင်ကို သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။ သူမကို သွားရောက်လှူဒါန်းနိုင်ဖို့အတွက် သူမရဲ့ Fan တွေက စီစဉ်ပေးတာ ဖြစ်တယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာရေးထားပါတယ်။
"GGလေးများရဲ့ အချစ်တွေကြောင့် ကြည်နူးရတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မွေးနေ့ကို ဘာအစီအစဉ်မှ ကိုယ်တိုင်မလုပ်နိုင်ခဲ့ပေမဲ့ ပျော်စရာsuprise ပွဲလေးနဲ့အတူတူ ကိုယ်တိုင် သွားလှူနိုင်ဖို့ စီစဉ်ပေးထားကြလို့ ကျေးဇူးပါ GGလေးတို့ရယ်။ Cancer wardက ကလေးငယ်တွေရဲ့အပျော်နဲ့တင် အရမ်းကိုကျေနပ်ရတယ်။ ဒီနှစ်ကတော့ ကြည်နူးမှုပျော်ရွှင်မှုတွေပြည့်စုံရတယ်" လို့ သူမက ဆိုပါတယ်။
ချစ်သုဝေရဲ့ မွေးနေ့ရက်လေးမှာ ကလေးများနဲ့အတူ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးများကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလို တွေ့ခဲ့ရပါတယ်။
Photo : ချစ်သုဝေ ဖေ့စ်ဘွတ်