Local Celebrity: ဖျော်ဖြေပွဲလုပ်ဖို့ သေချာသွားတဲ့ အိမ့်ချစ်တို့ သားအဖ

အောက်တိုဘာလ ပထမအပတ်ထဲတွင် ကျင်းပမယ်လို့သိရပါတယ်။

play

 

ဂီတလောကထဲတွင် အောင်မြင်မှု ရရှိထားသော အဆိုတော် သားအဖနှစ်ယောက် ဖြစ်တဲ့ ချစ်ကောင်းနဲ့ အိမ့်ချစ်တို့ရဲ့ "၅၂၈" လို့ နာမည်ပေးထားတဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကို အောက်တိုဘာလ ပထမအပတ်ထဲတွင် လုပ်ဖို့ သေချာသွားပြီလို့ သိရပါတယ်။ ဖျော်ဖြေပွဲလုပ်ဖို့ နေရာကတော့ ပါမစ်တင်ထားတုန်းဖြစ်တာကြောင့် သေချာမှ ပရိသတ်တွေ ထပ်မံအသိပေးသွားမယ်လို့ အိမ့်ချစ်က ဆိုပါတယ်။

play

 

"၅၂၈" လို့နာမည်ပေးထားတဲ့ သားအဖနှစ်ယောက်ရဲ့ ဖျော်ဖြေပွဲမှာ စုစုပေါင်း သီချင်း အပုဒ်(၃၀)လောက် ဖျော်ဖြေသွားမှာ ဖြစ်တယ်လို့ သူမက ပြောပါတယ်။ ဖျော်ဖြေပွဲတွင် သီချင်းများကို နှစ်ယောက်တွဲ ဆိုမှာ ဖြစ်သလို တစ်ယောက်ချင်းစီလည်း ဖျော်ဖြေသွားမှာ ဖြစ်ပြီး အဖေ့သီချင်းများကို သမီးကဆို သမီးရဲ့ သီချင်းများကို အဖေက ဆိုပြသွားမှာ ဖြစ်တယ်လို့ အိမ့်ချစ်က ပြောပါတယ်။

play

 

ဖျော်ဖြေပွဲ ပြုလုပ်ဖို့အတွက် ၂၀၁၅ ခုနှစ်ကတည်းက စီစဉ်ထားပေမဲ့ ဒီနှစ်မှ အထောင်အထည်ဖော်ဖြစ်တာလို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကြီးက သားအဖ နှစ်ယောက်စလုံးရဲ့ အိမ်မက်တစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

Source : 7day Daily

Photo  : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ