Local Celebrity: ပရိသတ်တွေနဲ့ တွေ့ဆုံမယ့် ဝိုင်းလေး

သြဂုတ်လ(၁၃)ရက်နေ့ လှည်းတန်းစင်တာမှာ တွေ့မယ်လို့ ဆိုပါတယ်။

play

 

အလှမယ် ဝိုင်းလေးရဲ့ Selfie MTV အခွေကို သြဂုတ်လ(၁၃)ရက်နေ့မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။ အခွေထွက်တဲ့နေ့မှာပဲ လှည်းတန်းစင်တာမှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့အတွက် ပြောထားပါတယ်။

play

 

သြဂုတ်လ(၁၃) ရက်နေ့ ညနေ(၄း၀၀)နာရီမှာ လှည်းတန်းစင်တာတွင် အခွေပရိုမိုးရှင်းလုပ်မှာ ဖြစ်ပြီး သြဂုတ်လ(၁၄)ရက်နေ့မှာတော့ မန္တလေး Skywalk တွင် ညနေ(၄း၀၀)နာရီမှ (၆း၀၀)နာရီအထိ ပရိသတ်များနဲ့တွေ့ဆုံကာ အမှတ်တရလက်မှတ်ရေးထိုးပေးမှာ ဖြစ်ပါတယ်။

play

 

Selfie MTV ထဲတွင် သီချင်းစုစုပေါင်း (၁၂)ပုဒ်ပါဝင်မှာ ဖြစ်ပြီး အခွေကို Forever Bec Tero မှ ထုတ်လုပ်ဖြန့်ချိပေးတာ ဖြစ်ပါတယ်။

Photo : ဝိုင်းလေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ