AD
AD
AD
play

 

ဂျပန်နိုင်ငံရဲ့ အထင်ကရနေရာတွေ၊ ယဉ်ကျေးမှုတွေနဲ့ ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် နေရာကို ရိုက်ကူးပြသမယ့် အစီအစဉ်မှာ မိုးစက်ဝိုင်က ပါဝင်ရိုက်ကူးပေးသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ ကုမ္ပဏီက တာဝန်ယူ ဖိတ်ကြားတာဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

အဲ့ဒီအစီစဉ်ကို ဂျပန်အစိုးရရဲ့ ထောက်ပံ့ကူညီမှုနဲ့ ရိုက်ကူးသွားမှာ ဖြစ်ပြီး ရိုက်ကူးပြီးသွားရင်လည်း ဂျပန်နိုင်ငံရဲ့ ရုပ်သံလိုင်းတစ်ခုနဲ့ မြန်မာနိုင်ငံက မြဝတီရုပ်မြင်သံကြားတို့တွင် ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

play

 

ဂျပန်နိုင်ငံမှာ ရိုက်ကူးမယ့် အစီအစဉ်အတွက် အောက်တိုဘာထဲတွင် ဂျပန်နိုင်ငံကို သွားရမယ်လို့ သိရပါတယ်။

Source : 8day Journal

Photo  : မိုးစက်ဝိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD