Local Celebrity: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်းအနုပညာသတင်းများ

, updated
play

 

ကားအက်ဆီးဒင့်ဖြစ်လို့ ဆေးကုသမှု ခံယူနေရတဲ့ သင်ဇာဝင့်ကျော်

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ရုတ်တရက် ကားအက်ဆီးဒင့်ဖြစ်တာကြောင့် ဝိတိုရိယ ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့  သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

play

 

ရွှေမှုံရတီ ဘာလို့ Reflection ဇာတ်ကားကို မရိုက်ဖြစ်တာလဲ

အိန္ဒြာကျော်ဇင်ရဲ့ ထုတ်လုပ်ရေးက ရိုက်ကူးမယ့် ဇာတ်ကားထဲမှာ ပါဝင်ဖို့အတွက် ရွှေမှုံရတီကို ကမ်းလှမ်းခဲ့ရာ ပထမက လက်ခံထားပြီး နောက်မှ ပြန်ဖျက်လိုက်တယ်လို့ သိရပါတယ်။ ဆရာဖြစ်သူ ဒါရိုက်တာ လူမင်း ကိုယ်တိုင်ရိုက်ကူးမယ့် ဇာတ်ကားကို ရိုက်ကူးရက်အဆင်မပြေတာကြောင့် မရိုက်ဖြစ်ခဲ့တာလို့ သူမက ဆိုပါတယ်။

play

 

နိုင်နိုင်းမိသားစုရဲ့ ဖေ့စ်ဘွတ် Live ဗီဒီယို ထုတ်လွှင့်ခဲ့

သရုပ်ဆောင်နိုင်နိုင်း မိသားစုရဲ့ ဖေ့စ်ဘွတ် Live ဗီဒီယိုကို နိုင်နိုင်းရဲ့ဇနီး စန္ဒီချိုအကောင့်ဖြင့် ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ နိုင်နိုင်းမိသားစုက အမေရိကန်မှာ ရောက်ရှိနေထိုင်နေပါတယ်။ Live ဗီဒီယိုမှာ ပြောပြထားမှုအရ နိုင်နိုင်းမိသားစုက လာမယ့် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံကို ပြန်လာကြအုံးမယ်လို့ ဆိုပါတယ်။

play

 

ရုပ်ရှင်ရိုက်တော့မယ့် ကျော်ထက်အောင်

Myanmar Idol အစီစဉ်ကစလို့ လူသိများလာတဲ့ ကျော်ထက်အောင်ကတော့ ရုပ်ရှင်ဇာတ်ကား စတင် ရိုက်ကူး တော့မယ်လို့ သိရပါတယ် ။ ကျော်ထက်အောင်ကို " အောင်ခေတ်မင်း" ရုပ်ရှင်ထုတ်လုပ်ရေးမှ စင်တင်ပွဲထုတ်ပေးမှာ ဖြစ်ပြီး " သူငယ်"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ