Local Celebrity: ဟင်္သာတမြို့ကို ရေဘေးသွားလှူခဲ့တဲ့ ဘေဘီမောင်

တတ်နိုင်သလောက် ပြုလုပ်ခဲ့တဲ့ ပရဟိတလေး ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

သရုပ်ဆောင်ဘေဘီမောင်က သြဂုတ်လ(၁၁) ရက်နေ့က ဟင်္သာတမြို့ရှိ ရေဘေးသင့်ပြည်သူတွေအတွက် တတ်နိုင်သလောက် သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

play

 

အဲ့ဒီ ရေဘေးအလှူမှာ သူမရဲ့ သူငယ်ချင်းများနဲ့အတူ သွားရောက်ခဲ့တာ ဖြစ်ပြီး ရေဘေးသင့်ပြည်သူများအတွက် လိုအပ်တဲ့ စားသောက်ဖွယ်ရာများ ရေသန့်များ၊ ဆန်အိတ်များ၊ လှူဖွယ်ပစ္စည်းများနဲ့ ဝတ္တုငွေများကို လှူဒါန်းခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

play

 

ရေဘေးသင့်ပြည်သူများဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့တဲ့ အတွက် ပီတိဖြစ်ရသလို အလှူသို့ မလိုက်နိုင်တဲ့ သူငယ်ချင်း ပရိသတ်များ သာဓုခေါ်ကြဖို့ တိုက်တွန်းထားပါတယ်။

Photo : ဘေဘီမောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ