Local Celebrity: ကိုယ်ပိုင်သင်တန်းကျောင်းဖွင့်ချင်တဲ့ ဟန်သီ

, updated

အနုပညာသင်တန်းကျောင်းကို ရှစ်လကြာတက်ရောက်ခဲ့တဲ့ ဟန်သီက ကိုယ်ပိုင်သင်တန်းကျောင်းဖွင့်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

play

 

မြန်မာပြည်တွင် သူမဝါသနာပါတဲ့ အနုပညာအလုပ်ကိုလုပ်ရင်း ကိုယ်ပိုင်သင်တန်းကျောင်းလေး ဖွင့်ချင်တယ်လို့ ဆိုပါတယ်။

play

 

ဟန်သီအနေနဲ့ ကိုယ်ပိုင်သင်တန်းကျောင်း မဖွင့်ခင်လိုအပ်တဲ့ ပညာတွေကို အကုန်ဖြည့်ဆည်းထားဖို့ကိုလည်း စဉ်းစားထားတယ်လို့ သူမက ပြောပါတယ်။ အနုပညာနဲ့ ပတ်သက်ပြီး နယူးယောက်တွင် ရှစ်လကြာ ပညာသင်ယူခဲ့တဲ့ သူမက စီးပွားရေးနဲ့ ဆိုင်တဲ့ သင်တန်းတွေလည်း ထပ်တက်ဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

အနုပညာနဲ့ပတ်သက်လို့ အခုလက်ရှိမှာ ကြော်ငြာများ၊ ကာဗာများရိုက်ကူးနေသလို ဇာတ်ကားတွေလည်း ရိုက်ကူးချင်တယ်လို့ ဆိုပါတယ်။

Source : 8days Journal

Photo  : ဟန်သီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ