Local Celebrity: ထိုင်းမင်းသမီးအကြောင်း ပြောပြလာတဲ့ စိုင်းစိုင်းခမ်းလှိုင်

From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်တဲ့ ထိုင်းမင်းသမီးလေး အကြောင်းကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

မကြာခင် ရုံတင်ပြသမယ့် From Bangkok to Mandalay ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ ထိုင်းမင်းသမီး Pilaiporn Supinchompoo အကြောင်းကို  ပြောပြထားတာ ဖြစ်ပါတယ်။ စိုင်းစိုင်းခမ်းလှိုင်က အဲ့ဒီရုပ်ရှင်ကိုကြည့်မယ့် သူ့ရဲ့ ပရိသတ်တွေကို ထိုင်းမင်းသမီး Pilaiporn Supinchompoo နဲ့ မစိမ်းအောင် ပြောပြထားတာ ဖြစ်ပါတယ်။

play

 

ထိုင်းမင်းသမီး Pilaiporn Supinchompoo ဟာဆိုရင် ၂၀၁၄ခုနှစ်ဒီဇင်ဘာလကုန်က ထွက်ရှိခဲ့တဲ့ ထိုင်းရုပ်ရှင်"Love on the Rocks "လို့ အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ခေါင်ဆောင်မင်းသမီး နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ နိုင်ငံတကာ တန်းဝင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားဖြစ်တယ်လို့လည်း သိရပါတယ်။

play
ထိုင်းမင်းသမီးပါဝင်ထားတဲ့ ထိုင်းရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

 

အဲ့ဒီရုပ်ရှင်ကို ကြိုတင်ကြည့်ထားတဲ့အခါ ထိုင်းမင်းသမီးရဲ့ သရုပ်ဆောင်မှုတွေဟာ ပရိသတ်တွေနဲ့ မစိမ်းတော့မှာ ဖြစ်တဲ့အတွက် အဲ့ဒီရုပ်ရှင်ကို ကြည့်ဖို့ စိုင်းစိုင်းက ပြောပြထားပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ