Local Celebrity: ရွှေတိဂုံဘုရားမှာ စတုဒီသာကျွေးခဲ့တဲ့ စန္ဒီမြင့်လွင်

သူမရဲ့ မွေးနေ့အလှူလည်း ဖြစ်ပါတယ်။

play

 

မနက်ပိုင်း ပရိသတ်တွေနဲ့ ပျော်ရွှင်ခဲ့ရတဲ့ အဆိုတော် စန္ဒီမြင့်လွင်က ညနေပိုင်းမှာလည်း ရွှေတိဂုံဘုရားမှာ မွေးနေ့အလှူပြုလုပ်ခဲ့ပါတယ်။

play

 

မွေးနေ့အလှူအဖြစ် ရွှေရင်အေးနဲ့ Vev Ve အချိုရည်များကို ဘုရားဖူးလာရောက်သူ မိဘပြည်သူ ပရိသတ်များကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

သူမရဲ့ မွေးနေ့အလှူမှာတော့ သူမရဲ့ ပရိသတ်တွေနဲ့အတူ အနုပညာလည်း လာရောက်ခဲ့သလို ညီမဖြစ်သူ စိုးပြည့်သဇင်ကလည်း ပါဝင်လုပ်အားပေးခဲ့တယ်လို့ သိရပါတယ်။

play

 

စန္ဒီမြင့်လွင်က လက်ရှိမှာ ရှိုးပွဲတွေ သီဆိုနေသလို စိုးပြည့်သဇင်နဲ့အတူ သီချင်းခွေထုတ်ဖို့ကိုလည်း စီစဉ်နေတယ်လို့သိရပါတယ်။

Photo : စန္ဒီမြင့်လွင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ