Local Celebrity: ရေဘေးသွားလှူခဲ့ကြတဲ့ အလှမယ်များ

မကွေးတိုင်း ပွင့်ဖြူမြို့နယ်သို့ သွားရောက်လှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။

play

 

အလှမယ်များစုပေါင်းကာ ဖွဲ့စည်းထားတဲ့  Miss Myanmar Charity Group ဟာ သြဂုတ်လ (၁၂)ရက်နေ့က မကွေးတိုင်း ပွင့်ဖြူမြို့နယ် ငှက်ပျော်တောကျေးရွာနဲ့ ညောင်ပင်ထောင့်ကျေးရွာရှိ ရေဘေးသင့်ပြည်သူများဆီသို့ သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

play

 

ရေဘေးသင့်ပြည်သူများအတွက် လိုအပ်တဲ့ ဆန်၊ဆေးဝါးများ၊ မုန့်များ၊ ကော်ဖီများ၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ငါးသေတ္တာဗူးများကို တစ်အိမ်ထောင်စုချင်းဆီ သွားရောက်ကာ ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းခဲ့တယ်လို့ အဖွဲ့ဝင်ဖြစ်တဲ့ အလှမယ် နန်းခင်ဇေယျာက သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားပါတယ်။

play

 

ဆက်လက်ပြီးတော့လည်း ရေဘေးသင့် ပြည်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်များနဲ့အတူ အလှူခံထွက်ဖို့ ပြည်မြို့သို့ ဆက်လက်ထွက်ခွာပြီလို့သိရပါတယ်။

Photo : နန်းခင်ဇေယျာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ