Local Celebrity: ရိုးရှင်းတဲ့ ဘဝလေးပဲ လိုချင်တယ်ဆိုတဲ့ အိုင်းရင်းဇင်မာမြင့်

လက်ရှိအချစ်ရေးမှာ အေးအေးဆေးဆေးလေးနဲ့ အဆင်ပြေနေတယ်လို့ သိရပါတယ်။

play

 

အဆိုတော်အိုင်းရင်းဇင်မာမြင့်နဲ့ အဆိုတော်ကောင်းကောင်းတို့ရဲ့ ချစ်သူ သက်တမ်းကတော့ (၇)နှစ်ကျော်လာပြီ ဖြစ်ပါတယ်။ (၇)နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိနဲ့ အနုပညာလမ်းကို အတူတူလုပ်ပြီး ရိုးသားကြိုးစားပြီး  ရိုးရှင်းတဲ့ ဘဝမျိုးလေးကို ပဲ လိုချင်တယ်လို့ အိုင်းရင်းဇင်မာမြင့်က အင်တာဗျူးတစ်ခုမှာဖြေ ထားပါတယ်။

play

 

ဘဝအတွက် အရမ်းကြီးမမျှော်လင့်ထားပဲ ချစ်သူအပေါ် သစ္စာရှိရှိချစ်နေမှာ ဖြစ်ပြီး မိဘကလည်း သဘောတူပြီး ပရိသတ်တွေရဲ့ ရှေ့မှာ ရိုးရိုးသားသားနဲ့ မင်္ဂလာပွဲလေး ကျင်းပနိုင်ဖို့ပဲ စိတ်ကူးရှိတယ်လို့ ဆိုပါတယ်။ အနုပညာဘက်မှာလည်း နှစ်ယောက်စလုံး အကောင်းဆုံးကြိုးစားသွားမှာပါလို့ သူမက ပြောပါတယ်။

Source : Myanmar Celebrity

Photo  : အိုင်ရင်းဇင်မာမြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ