Local Celebrity: လက်မှတ်များ စတင်ရောင်းချနေပြီဖြစ်တဲ့ မေထုန်ရာသီဖွား ဇာတ်ကား

အမေရိကန်မှာ ရုံတင်ပြသဖို့အတွက် လက်မှတ်တွေကို စတင်ရောင်းချနေပြီလို့သိရပါတယ်။

play

 

ဝေဖန်မှုတွေကြားထဲက ဟောလိဝုဒ်မှာ ဖြန့်ချိခွင့်ရရှိတဲ့ ရုပ်ရှင်ဇာတ်ကား တစ်ကားအဖြစ် စံချိန်တင်နိုင်ခဲ့တဲ့ "မေထုန်ရာသီဖွား"ဇာတ်ကားအတွက် လက်မှတ်တွေ စတင်ရောင်းချနေပြီလို့သိရပါတယ်။ ဒီဇာတ်ကားကို New York နဲ့ L.A အပါအဝင် Holly Wood တို့မှာ ရုံတင်ပြသရန်အတွက် Online Booking လက်မှတ်များကို စတင်ရောင်းချနေတာ ဖြစ်ပါတယ်။

play

 

အဲ့ဒီဇာတ်ကားကို စက်တင်ဘာလ(၉)ရက်နေ့ကနေ (၁၅)ရက်နေ့အထိကို အမေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှာ ရှိတဲ့ Cinema Village နဲ့ စက်တင်ဘာလ(၂၃)ရက်နေ့ကနေ (၂၉)ရက်နေ့အထိကို လော့စ်အိန်ဂျလိစ်မြို့မှာ ရှိတဲ့ Music Hall,Laemmie Theatre တို့မှာ ပြသသွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း စက်တင်ဘာလအတွင်းမှာ ပြသနိုင်မယ်လို့ သိရပါတယ်။

"မေထုန်ရာသီဖွား"ဇာတ်ကားကို ဒါရိုက်တာ ညိုမင်းလွင်က ပုံဖော်ထားပြီး ဥက္ကာမင်းမောင်၊ ငြိမ်းချမ်းကျော်နဲ့ အေးမြတ်သူတို့ကအဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Source : Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ