Local Celebrity: စည်သူလွင်နဲ့ အေးချမ်းမေတို့ရဲ့ နှစ်ယောက်တွဲရှိုး

မန္တလေးမှာ ပြုလုပ်မယ်လို့သိရပါတယ်။

play

 

စည်သူလွင်နဲ့ အေးချမ်းမေတို့ရဲ့ နှစ်ယောက်တွဲရှိုးကို နိုဝင်ဘာလ (၂၆)ရက်နေ့တွင် မန္တလေးမြို့မှာ ကျင်းပပြုလုပ်မယ်လို့သိရပါတယ်။ အေးချမ်းမေရဲ့ တစ်ကိုယ်တော်ရှိုးကို ရန်ကုန်မှာ ပြုလုပ်မှာ ဖြစ်ပြီး မန္တလေးမှာ တော့ ထူးထူးခြားခြားဖြစ်အောင် နှစ်ယောက်တွဲ ရှိုးအဖြစ် စီစဉ်ဖြစ်တယ်လို့ သိရပါတယ်။

play

 

နေရာကတော့ မသေချာသေးတဲ့အတွက် မပြောပြသေးတာ ဖြစ်တယ်လို့ စည်သူလွင်က ဆိုပါတယ်။ အခု လောလောဆယ် မှာတော့ ရှိုးပွဲအတွက် သီချင်းတွေ ရွေးနေပြီ ဖြစ်တယ်လို့သိရပါတယ်။ နှစ်ယောက်တွဲရှိုးတွင် စုံတွဲ သီချင်းများ ဖျော်ဖြေကြမှာဖြစ်ပြီး တစ်ယောက်သီချင်းများကိုလည်း တစ်ယောက်က အပြန်ပြန် အလှန်လှန် သီဆိုကြမယ်လို့သိရပါတယ်။

Source : 8days Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ