Local Celebrity: ဂီတသက်တမ်း(၁၀)နှစ် ပြည့်ပြီဖြစ်တဲ့ ဝိုင်းလမင်းအောင်

ဆုတံဆိပ်တွေ အများကြီး ရရှိခဲ့တဲ့ လူငယ်အဆိုရှင်လေး ဖြစ်ပါတယ်။

play

 

ငယ်စဉ်ကတည်းက မြန်မာသံစဉ်သီချင်းများကို ပိုင်နိုင်စွာ သီဆိုနိုင်ခဲ့ပြီး သီချင်းဆို ပြိုင်ပွဲများမှာ ဆုတံဆိပ်တွေ အများကြီး ရရှိခဲ့တဲ့ အဆိုတော်ဝိုင်းလမင်းအောင်ကတော့ ဂီတသက်တမ်း(၁၀)နှစ်ပြည့်ပြီလို့ ဆိုပါတယ်။

play

 

၂၀၀၆ ခုနှစ်ကတည်းက ဆိုကရေးတီးပြိုင်ပွဲများတွင် အဆို၊ အတီးစပြိုင်ခဲ့တဲ့ ဝိုင်းလမင်းအောင်က အခုဆိုရင် မြန်မာသံစဉ် တေးသီချင်းတွေကို ပိုင်ဆိုင်စွာ သီဆိုနိုင်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

အခုလက်ရှိမှာတော့ အေးဝမ်းဒေါ်တင်တင်လှရဲ့ ရုပ်ရှင်သီချင်းများအခွေအတွက် သီချင်းတွေ သွင်းနေတယ်လို့ သိရပါတယ်။

Photo : ဝိုင်းလမင်းအောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ