Local Celebrity: မြို့ကြီးငါးမြို့မှာ ဖျော်ဖြေပွဲ လုပ်မယ့် လင်းလင်း

တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေပဲ လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အဆိုတော် လင်းလင်းကတော့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးငါးမြို့မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲများ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီမြို့ကြီး ငါးမြို့ကတော့ ရန်ကုန်၊ မန္တလေး ၊ တောင်ကြီး၊ မကွေးနဲ့ မုံရွာ မြို့များမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲ အသေးစိတ် အချက်အလက်များကတော့ သေချာမှ ပရိသတ်တွေကို ထပ်ပြီး အသိပေးမယ်လို့လည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။ လက်ရှိမှာ ဖျော်ဖြေပွဲများ ပြုလုပ်ရန် ပြင်ဆင်နေပြီး တစ်ကိုယ်တော် အခွေအသစ်တစ်ခွေကိုလည်း ဖန်တီးနေတယ်လို့ သိရပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ