Local Celebrity: ပွင့် အိမ်ထောင်ပြုတာ မဟုတ်ပါဘူးတဲ့

ဖေ့စ်ဘွတ်ပေါ်မှာ ပြန့်နေတဲ့ သတင်းကို ပွင့်က ပြန်ရှင်းပြထားတာ ဖြစ်ပါတယ်။

play

 

ဒီရက်ပိုင်းမှာပဲ သရုပ်ဆောင်ပွင့်တစ်ယောက် အိမ်ထောင်ပြုသွားပြီဆိုပြီး လူမှုကွန်ရက် ဖြစ်တဲ့ ဖေ့စ်ဘွတ် စာမျက်နှာ ပေါ်မှာ ပြောနေကြပါတယ်။ ဒီကိစ္စကို ပွင့်ကိုယ်တိုင်ကလည်း မသိတဲ့ သတင်းတစ်ခုဖြစ်နေသလို ပရိသတ်တွေ ပြောမှ သိခဲ့ရတဲ့အတွက် ပွင့်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပြန်ရှင်းပြထားပါတယ်။

play

 

"ချစ်ဆုံးလေးတို့ရေ ပွင့်အိမ်ထောင်ပြုတယ်ဆိုပြီး11.8.16မှာ facebook page တစ်ခုကတင်တယ်။ 13.8.16 လည်းကျရော ရင်သွေးယူတော့မယ်ဆိုပြီး ထပ်တင်လာပြန်တယ်ရှင့်။ ခု FM တစ်ခုကပါ sedona မှာ ပွင့် မင်္ဂလာဆောင်တယ် ဆိုတဲ့သတင်း ကြေညာသွားတယ်လို့ ပရိသတ်တော်တော် များများကပါ ထပ်မေးလာကျပြန်တော့ တော်တော်လေးကို စိတ်မကောင်းဖြစ်ရပါတယ်ရှင့်။ ဒီလိုသတင်းတွေကို ကာယကံရှင် ပွင့်ကိုယ်တိုင်တောင် အားလုံးဝိုင်းမေးကျမှသိရတဲ့ အဖြစ်ပါရှင်"လို့ ရေးထားပါတယ်။

play

 

ပွင့်ဟာ အိမ်ထောင်ပြုဖို့ နေနေသာသာ ရည်းစားတောင်မရှိဖူးပါဘူးလို့ ဆိုပါတယ်။ အခုချန်ထိ အချစ်ရေးနဲ့ အိမ်ထောင် ရေးကို မစဉ်းစားဖူးတဲ့ ပွင့်တဲ့ မိသားစုနဲ့ ပရိသတ်တွေ၊ ဝါသနာပါတဲ့အနုပညာအလုပ်ကို လုပ်နေရရင် ကျေနပ်နေတာကြောင့် အချစ်ရေးကို မစဉ်းစားပါဘူးလို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြန်ရှင်းပြထားပါတော့တယ်။

Photo : ပွင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ