Local Celebrity: မေထုန်ရာသီဖွားဇာတ်ကား တစ်ရက်စာ ဝင်ငွေအားလုံး လှူဒါန်းမယ်

, updated

Holly wood မှာရုံတင်ပြသမယ့် "မေထုန်ရာသီဖွား" ဇာတ်ကားပြသလို့ရတဲ့ တစ်ရက်ဝင်ငွေကို ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမယ်လို့သိရပါတယ်။

play

"မေထုန်ရာသီဖွား" ဇာတ်ကားကို စက်တင်ဘာလ(၉)ရက်နေ့မှာ New York နဲ့ LA နိုင်ငံများတွင် ရုံတင်ပြသတော့မှာ ဖြစ်သလို ဟောလိဝုဒ်တွင်လည်း ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ဟောလိဝုဒ်မှာ ပြသမယ့် ဒီဇာတ်ကားရဲ့ တစ်ရက်စာ ဝင်ငွေအားလုံးကိုတော့ မြန်မာနိုင်ငံရေဘေးသင့် မိဘပြည်သူများအတွက် လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဒါရိုက်တာညိုမင်းလွင်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

အဲဒီဇာတ်ကားအတွက် ပါဝင်တဲ့ အနုပညာရှင်များမှာ အပြင်ထန်းဆုံးဝေဖန်မှု တိုက်ခိုက်မှုများ ကြုံတွေ့ရတဲ့ ဇာတ်ကားဖြစ်တာကြောင့် ဒီလိုမျိုး လှူဒါန်းမယ့် အလှူက ရေဘေးသင့်ပြည်သူပရိသတ်များအတွက် ပြည်ပမှ မြန်မာ့ရုပ်ရှင်ပရိသတ်များအတွက် အမှတ်တရဖြစ်လိမ့်မယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။

Photo : ညိုမင်းလွင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ